
Thursday, October 23, 2008
Thursday, September 18, 2008
Exiter အတွက် အော်တို
Exiterက tag တယ်ဆိုလို့ အင်္လကာ အကြောင်းတချို့  အော်တို ရေးလိုက်ပါတယ်။
ရေးပြီနော်။
------
ဒီလိုခေါ်တယ်……………………………..မေအင်္လကာ
နာမည်ပြောင်………………………………..မရှိဘူးထင်တာပဲ
မွေးနေ့……………………………………..လွန်ခဲ့သော နှစ် ၂၀ကျော်က မိုးတွေရွာတဲ့နေ့တနေ့
ဝတ်တာက …………………………………..ပေါ့ပါးတဲ့ ပုံစံ
နေတာက……………………………………..အခုတော့ မြန်မာပြည်မှာမဟုတ်ဘူး
ဖုန်းဆက်ချင်ရင်…………………………..၀၀၆၀၁၂၃၄၅၆၇၈၉
ကြိုက်တာတွေက
အရောင်ဆိုရင်……………………………………..ပန်းရောင်
အစားအစာဆိုရင်………………………………..စားလို့ရတာ
ပစ္စည်းဆိုရင်………………………………………..ကိုယ့်အတွက် အသုံးတဲ့တာ အကုန်ကြိုက်တယ်
သီချင်းဆိုရင်………………………………………..မော်ဒန်ရော့ဂ်
စာရေးစာဆရာ……………………………………..အကြိုက်ဆုံးရယ်လို့မရှိဘူး
စာအုပ်……………………………………………..ဖတ်ပါတယ်။ သိပ်မရွေးဘူး
Movie………………………………………………..ဟာသ၊ ဒရမ်မာ
Life style…………………………………………..မဂ္ဂဇင်း ကိုအရင်ကတော့ ဖတ်တယ်
ကိုယ့်ရဲ့ဝါသနာ……………………………………..စာဖတ်ခြင်းနဲ့ စကားပြောခြင်း(ချစ်ချက်)
အလိုချင်ဆုံးလက်ဆောင်………………………………..ကမ္ဘာမှာငြိမ်းချမ်းခြင်း
ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…………………..နှစ်ယောက်ရှိတယ်
ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက……………..မရှိဘူး။ ကိုယ့်ကိုကိုယ်တောင် တခါတခါနားလည်မူမပေးနိုင်ပါဘူး
ကိုယ့်ရဲ့ အမုန်းဆုံးသူက………………………………..မရှိပါ
ရင်အခုန်ဆုံးအချိန်……………………………………..ပြေးနေရတဲ့အချိန်
အကြောက်ဆုံးအချိန်…………………………………..မိုးခြိမ်းနေချိန်
အပျော်ဆုံးအချိန် ………………………………………..ဒီနေ့ အလုပ်ပိတ်တယ်လို့ တယောက်ယောက်ကပြောလိုက်ချိန်
အချစ်ဆိုတာ………………………………………..လူတိုင်းမှာရှိသင့်၊ ရှိနိုင်တဲ့အရာ
အမုန်းဆိုတာ………………………………………..မရှိရင် ငြိမ်းချမ်းမှာ
အလွမ်းဆိုတာ………………………………………..သီချင်းလုပ်ဆိုရင်တော့ ကောင်းတယ်
ဘ၀ဆိုတာကတော့………………………………………..ရေပွက်ပမာ
သူငယ်ချင်းဆိုတာ……………………………………..မျှဝေခံစားဖို့ပါ
ချစ်သူဆိုတာ………………………………………….. ၁+၁ = ၁
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………………………..လူတယောက်လို့
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………………………..လူသားခြင်း စာနာပါ
အပြောချင်ဆုံးစကားတစ်ခွန်း………………………..ဒီစာတွေကို မရေးရင် အပျိုကြီးဖြစ်မယ်ဆိုလို့ မနဲကြိုးစားရေးလိုက်ရတယ် ဆိုတာကို ကိုအိတ်ဇစ်တာအားပြောပေးပါ။
post ရေးသူ အလင်္ကာ @ 6:05 PM 4 ကော်မန့်
Friday, July 25, 2008
ဟက်ပီးဘက်ဒေး သဇင်ဏီ
မွေးနေ့ရှင်ကိုယ်တိုင်မပါဝင်တဲ့ မွေးနေ့ပွဲလေးကို ဒီလိုလေး ကျင်းပလိုက်တယ်နော်။ သတိယနေပါတယ်။
HAPPY BIRTHDAY BUDDY!
အရှည်ကြီးမပြောတော့ဘူးနော်။ အရှည်ကြီးပြောရင်.....
အဲ ဒီ လို။
celebrate 2 ur birthday!

ကြက်သားပလာတာ(Roti Kosong)နဲ့ Mirinda Orange..... မွေးနေ့ကိတ်တော့ ပါဘူးနော်။
ဘယ်သူချက်တာလဲလို့ လည်းမမေးပါနဲ့။ သိပြီးသားပဲလေ ချက်ကြီး ချက်တာပါ။


DONT FORGET!
WE ARE THE BEST FRIEND IN THE WORLD!
post ရေးသူ အလင်္ကာ @ 12:34 AM 4 ကော်မန့်
Monday, July 14, 2008
Friday, November 23, 2007
Lima - လီးမား
တစ်နေ့ ကျွန်မ ညဈေးသွားတော့ အဖြစ်အပျက်တခုပါ။ ကျွန်မ သွားတဲ့ ညဈေးက ဈေးသည်အများစုက မလေးလူမျိုးတွေပါ။ ကျွန်မ လည်းသူများတွေ မလေးလိုပြောတာကြားဖူးနေပြီဆိုတော့ ဟဲဟဲ ကျွန်မ လည်းသူတို့ စကားနည်းနည်းပါးပါး ပြောမယ်ပေါ့။ ပြောကြည့်မယ် ဆိုတဲ့စိတ်ကူးတွေနဲ့ ဈေးထဲအရောက် ငါးရောင်းတဲ့ဆိုင်မှာ တီလားဗီးယားငါး တစ်ကီလိုဘယ်လောက်လည်း လို့ ကျွန်မ မေးလိုက်တယ် ခပ်တည်တည်နဲ့၊
Berapa Kilo?(ဘာရာပါ ကီလို)
တစ်ကီလိုဘယ်လောက်လဲ။ လို့မေးလိုက်တယ်
အဲဒီတော့ ဈေးသယ်က ပြန်ပြောပါတယ်။
Lima Ringgit.(လီးမား ရင်းဂစ်)
ဟုတ်ပြီပေါ့။ ကျွန်မ စိတ်ထဲမှာ တစ်ကီလိုလေးရင်းဂစ်ပေါ့။ သေချာအောင်သူ့ ကို ကျွန်မ ကလက်လေးချောင်းထောင်ပြလိုက်ပြီး
Ok! Lima Ringgit.
အိုကေ လီမား ရင်းဂစ် ဆိုပြီးပြောလိုက်တယ်။
ကျွန်မ အဲဒီလိုလည်းပြောရော အားလုံးက ရယ်ပြီး Lima Ringgit Lima Ringgit ဆိုပြီး လက်လေးချောင်ထောင်ပြ ကြတယ်။ ဘေးကလူတွေပါဝိုင်းရယ်ရော။ ဘာဖြစ်တာလဲပေါ့။
အမှန်က Lima ဆိုတာ နံပါတ် ငါး ပါ။ အဲဒါ ကိုဖြင့် ကျွန်မက လေးဂဏန်း နဲ့ မှားလိုက်တာ
ဟီဟီ လူကြီး ရှက်တော့လည်းအားရ ပါးရ ရယ်လိုက်တာပေါ့။
သင်ခန်းစာ ရသွားတယ်။ စကားသေချာ မတတ်ပဲ လူတတ် မလုပ်တော့ပါဘူးလို့။
အခု တော့ မလေးလို ၁ ကနေ ၁၀ ထိသေချာကို အလွတ်ကျက်ထားလိုက်တယ်။
၁ - စတု - Satu
၂ - ဒူးဝါး - Dua
၃ - တီးဂါး -Tiga
၎ - အမ်ပတ် -Empat
၅ - လီးမား - Lima
၆ - အနမ်း - Enam
၇ - တူဂျိုး - Tujuh
၈ - လာပန်း - Lapan
၉ - ဆမ်ဘီလမ်း - Sembilan
၁၀ - ဆပူးလိုး - Sepuluh
post ရေးသူ အလင်္ကာ @ 11:46 AM 4 ကော်မန့်

