Showing posts with label ကဗျာ. Show all posts
Showing posts with label ကဗျာ. Show all posts

Friday, February 15, 2008

When I born............


When I born, I black

When I grow up, I black

When I go in sun, I black

When I scared, I black

When I sick, I black

And when I die, I still black


And you white fellow


When you born, you pink

When you grow up, you white

When you go in sun, you red

When you cold, you blue

When you scared, you yellow

When you sick, you green

And when you die, you gray


And you calling me color?????


Nominated by UN as the best Poem of 2006 - Written by an African Kid


ကဗျာလေးကို ဖတ်ပြီးတခုခုတော့ ခံစားလိုက်ရတယ်။
အသားရောင် ဘယ်လိုပဲကွဲကွဲ
လူလူချင်း အတူတူပဲ မထူးခြားပါဘူး
ရယ်တတ်တယ် ပြုံးတတ်တယ်
ကြင်နာတတ်ပါတယ်။


Thursday, February 14, 2008

၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်

လူပြောများတဲ့ ချစ်သူများနေ့တဲ့

ငါ့အတွက်တော့
မင်းကို ပိုင်ဆိုင်နေတဲ့ နေ့တိုင်းဟာ
ချစ်သူများနေ့။

ငါတို့ ချစ်သူနှစ်ယောက်
လေထဲမှာ တိုက်အိမ်ဆောက်
ဆွေမျိုးတွေကို သစ္စာ အတူဖောက်
ရဲရင့်ခဲ့ကျတဲ့ နေ့တွေဟာလည်း
ချစ်သူများနေ့။

ပတ်ဝန်းကျင်ရဲ့  ဂယက်တွေ
ငါတို့ရဲ့  ယုံကြည်မူတွေကို
အကြိမ်ကြိမ် ရိုက်ခက်နေတုန်းကလည်း
ချစ်သူများနေ့။

ပြောစရာ စကားလုံးတွေ
ငါတို့ ချစ်သူနှစ်ယောက်မှာ ချို့ တဲ့
လမ်းဘေးဆိုင်ထိုင်ခဲ့တုန်းကလည်း
ချစ်သူများနေ့။

ချစ်သူကို အချစ်တွေပဲ
ပေးရမယ့် အစား
မင်းကိုယုံကြည်မူမဲ့ခဲ့
အတွေးအခေါ် နတ်ဆိုးတွေနဲ့
ငါအမှားတွေ တခုပြီးတခုကိုချိုးဖောက်မိခဲ့တယ်
ဘာလို့ ငါတို့ ချစ်သူနှစ်ယောက်ရဲ့
မျဉ်းပြိုင် နှစ်ကြောင်းဆုံမှတ်မရှိတော့ခဲ့လည်း….
(…………………)
ခံစားချက်မဲ့တွေနဲ့
အခုတော့ ငါဟာ တယောက်တည်း
ချစ်သူမရှိတဲ့နေ့ ……
ဒီနေ့ ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက် …..

Thursday, November 22, 2007

DIARY


D I A R Y

လူပြောများ တဲ့စကားပဲ ခဏခဏ သုံးတယ် မပြောပါနဲ့ D I A R Y

ငါ့ ရင်ထဲက ဆို့နင့် ကြေကွဲခြင်းတွေနဲ့ ထပ်ပြောပါရစေ D I A R Y

ငါ့အသွေးနဲ့ ဖြစ်တည်ခဲ့တဲ့ မျက်ဝန်းအလင်္ကာတွေ ကုန်ခမ်းအောင် ငိုကြွေးရင်း စောင့်စားနေမယ်

် Darling, I Always Remember You

Monday, February 5, 2007

အလင်္ကာ၏အလင်္ကာ

နေသာရင်ကောင်းမယ်။

ငါကတော့ဒီမှာ လူအများနဲ့အထီးကျန်နေလေရဲ့


ငါဘ၀ရဲ့ သတ်ပုံ စာလုံးပေါင်းကို မှန်အောင်ကြိုးစားရင်းနဲ့


ပြောမယ့်သာပြောရတယ်


ငါဆိုတဲ့ကောင်းကင်မှာ


မိုးရိပ်ကမကုန်သေးပဲ။ ။