Showing posts with label အလင်္ကာ. Show all posts
Showing posts with label အလင်္ကာ. Show all posts

Thursday, September 18, 2008

Exiter အတွက် အော်တို


Exiterက tag တယ်ဆိုလို့ အင်္လကာ အကြောင်းတချို့  အော်တို ရေးလိုက်ပါတယ်။
ရေးပြီနော်။
------
ဒီလိုခေါ်တယ်……………………………..မေအင်္လကာ

နာမည်ပြောင်………………………………..မရှိဘူးထင်တာပဲ

မွေးနေ့……………………………………..လွန်ခဲ့သော နှစ် ၂၀ကျော်က မိုးတွေရွာတဲ့နေ့တနေ့

ဝတ်တာက …………………………………..ပေါ့ပါးတဲ့ ပုံစံ

နေတာက……………………………………..အခုတော့ မြန်မာပြည်မှာမဟုတ်ဘူး

ဖုန်းဆက်ချင်ရင်…………………………..၀၀၆၀၁၂၃၄၅၆၇၈၉

ကြိုက်တာတွေက

အရောင်ဆိုရင်……………………………………..ပန်းရောင်

အစားအစာဆိုရင်………………………………..စားလို့ရတာ

ပစ္စည်းဆိုရင်………………………………………..ကိုယ့်အတွက် အသုံးတဲ့တာ အကုန်ကြိုက်တယ်

သီချင်းဆိုရင်………………………………………..မော်ဒန်ရော့ဂ်

စာရေးစာဆရာ……………………………………..အကြိုက်ဆုံးရယ်လို့မရှိဘူး

စာအုပ်……………………………………………..ဖတ်ပါတယ်။ သိပ်မရွေးဘူး

Movie………………………………………………..ဟာသ၊ ဒရမ်မာ

Life style…………………………………………..မဂ္ဂဇင်း ကိုအရင်ကတော့ ဖတ်တယ်

ကိုယ့်ရဲ့ဝါသနာ……………………………………..စာဖတ်ခြင်းနဲ့ စကားပြောခြင်း(ချစ်ချက်)

အလိုချင်ဆုံးလက်ဆောင်………………………………..ကမ္ဘာမှာငြိမ်းချမ်းခြင်း

ကိုယ့်ရဲ့ အခင်ဆုံးသူငယ်ချင်းက…………………..နှစ်ယောက်ရှိတယ်

ကိုယ့်ကို အများဆုံးနားလည်မှုပေးနိုင်သူက……………..မရှိဘူး။ ကိုယ့်ကိုကိုယ်တောင် တခါတခါနားလည်မူမပေးနိုင်ပါဘူး

ကိုယ့်ရဲ့ အမုန်းဆုံးသူက………………………………..မရှိပါ

ရင်အခုန်ဆုံးအချိန်……………………………………..ပြေးနေရတဲ့အချိန်

အကြောက်ဆုံးအချိန်…………………………………..မိုးခြိမ်းနေချိန်

အပျော်ဆုံးအချိန် ………………………………………..ဒီနေ့ အလုပ်ပိတ်တယ်လို့ တယောက်ယောက်ကပြောလိုက်ချိန်

အချစ်ဆိုတာ………………………………………..လူတိုင်းမှာရှိသင့်၊ ရှိနိုင်တဲ့အရာ

အမုန်းဆိုတာ………………………………………..မရှိရင် ငြိမ်းချမ်းမှာ

အလွမ်းဆိုတာ………………………………………..သီချင်းလုပ်ဆိုရင်တော့ ကောင်းတယ်

ဘ၀ဆိုတာကတော့………………………………………..ရေပွက်ပမာ

သူငယ်ချင်းဆိုတာ……………………………………..မျှဝေခံစားဖို့ပါ

ချစ်သူဆိုတာ………………………………………….. ၁+၁ = ၁

ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်………………………..လူတယောက်လို့

ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က………………………..လူသားခြင်း စာနာပါ

အပြောချင်ဆုံးစကားတစ်ခွန်း………………………..ဒီစာတွေကို မရေးရင် အပျိုကြီးဖြစ်မယ်ဆိုလို့ မနဲကြိုးစားရေးလိုက်ရတယ် ဆိုတာကို ကိုအိတ်ဇစ်တာအားပြောပေးပါ။

Thursday, April 10, 2008

Something Happend in my HeArt





A B C D E F G H I J K L M N O P Q R S T V W X Y Z



Thursday, February 14, 2008

၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက်

လူပြောများတဲ့ ချစ်သူများနေ့တဲ့

ငါ့အတွက်တော့
မင်းကို ပိုင်ဆိုင်နေတဲ့ နေ့တိုင်းဟာ
ချစ်သူများနေ့။

ငါတို့ ချစ်သူနှစ်ယောက်
လေထဲမှာ တိုက်အိမ်ဆောက်
ဆွေမျိုးတွေကို သစ္စာ အတူဖောက်
ရဲရင့်ခဲ့ကျတဲ့ နေ့တွေဟာလည်း
ချစ်သူများနေ့။

ပတ်ဝန်းကျင်ရဲ့  ဂယက်တွေ
ငါတို့ရဲ့  ယုံကြည်မူတွေကို
အကြိမ်ကြိမ် ရိုက်ခက်နေတုန်းကလည်း
ချစ်သူများနေ့။

ပြောစရာ စကားလုံးတွေ
ငါတို့ ချစ်သူနှစ်ယောက်မှာ ချို့ တဲ့
လမ်းဘေးဆိုင်ထိုင်ခဲ့တုန်းကလည်း
ချစ်သူများနေ့။

ချစ်သူကို အချစ်တွေပဲ
ပေးရမယ့် အစား
မင်းကိုယုံကြည်မူမဲ့ခဲ့
အတွေးအခေါ် နတ်ဆိုးတွေနဲ့
ငါအမှားတွေ တခုပြီးတခုကိုချိုးဖောက်မိခဲ့တယ်
ဘာလို့ ငါတို့ ချစ်သူနှစ်ယောက်ရဲ့
မျဉ်းပြိုင် နှစ်ကြောင်းဆုံမှတ်မရှိတော့ခဲ့လည်း….
(…………………)
ခံစားချက်မဲ့တွေနဲ့
အခုတော့ ငါဟာ တယောက်တည်း
ချစ်သူမရှိတဲ့နေ့ ……
ဒီနေ့ ၂၀၀၈ ဖေဖော်ဝါရီ ၁၄ ရက် …..

Wednesday, December 12, 2007

အော်.....တစ်နှစ်ကုန်တော့မယ်

ဘ၀မှာ ဒုက္ခ လည်းကြုံ ပြီးပြီ။

သုခတွေလည်း ရဘူးပြီ။

ဒီလိုနဲ့ အချိန်တွေကုန်…ကုန်

ဖြစ်ချင်ရာတွေ မဖြစ်ရတဲ့ ဘ၀ဆိုတာကြီးမှာ

ဖြစ်သင့်တာတွေနဲ့ အလိုက်သင့်နပန်းလုံးရင်း

အော်…… တစ်နှစ်ကုန်တော့မယ်။ ။

Monday, November 26, 2007

LOVE = အချစ်


အလင်္ကာ က တော့ LOVE = အချစ် ကို

Loyal
Oblige
Value
Eternal

အဲဒီလိုယူဆထားတယ်။

Thursday, November 22, 2007

DIARY


D I A R Y

လူပြောများ တဲ့စကားပဲ ခဏခဏ သုံးတယ် မပြောပါနဲ့ D I A R Y

ငါ့ ရင်ထဲက ဆို့နင့် ကြေကွဲခြင်းတွေနဲ့ ထပ်ပြောပါရစေ D I A R Y

ငါ့အသွေးနဲ့ ဖြစ်တည်ခဲ့တဲ့ မျက်ဝန်းအလင်္ကာတွေ ကုန်ခမ်းအောင် ငိုကြွေးရင်း စောင့်စားနေမယ်

Darling, I Always Remember You

Monday, February 5, 2007

အလင်္ကာ၏အလင်္ကာ

နေသာရင်ကောင်းမယ်။

ငါကတော့ဒီမှာ လူအများနဲ့အထီးကျန်နေလေရဲ့


ငါဘ၀ရဲ့ သတ်ပုံ စာလုံးပေါင်းကို မှန်အောင်ကြိုးစားရင်းနဲ့


ပြောမယ့်သာပြောရတယ်


ငါဆိုတဲ့ကောင်းကင်မှာ


မိုးရိပ်ကမကုန်သေးပဲ။ ။